ခန္တီးမြို့၌ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

ခန္တီး ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် ကလေးငယ်များအား ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်အတွက် ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်အေးအေးခန့်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲအားဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကလေး(၁၅)ဦးက ပုံတူပန်းချီဆွဲပြိုင်ပွဲတွင်လည်းကောင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွင်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က စာအုပ်နှင့်ဘောပင်များချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)