အမာ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ(၁)နာရီက ပန်းအလှပြင်သင်တန်း အခမဲ့ဖွင့်လှစ် သင်ကြားခဲ့သည်။
ပန်းအလှပြင်သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး နော်လေးလီယန်က အမျိုးသမီးများ မိမိအိမ်တွင်လည်းကောင်း၊ မင်္ဂလာအခမ်းအနားများတွင် လည်းကောင်း၊ မိမိတို့တတ်ထားသည့် ပန်းအလှဆင်လက်မှုပညာဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ကြောင်း ပြောကြားကာ ပန်းအလှပြင်နည်းကို လက်တွေ့ပြသခဲ့သည်။
အဆိုပါပန်းအလှပြင်သင်တန်းသို့ Women Club အဖွဲ့ဝင်(၁၃)ဦး တက်ရောက်ကြပြီး သင်တန်းဆရာမအဖြစ် နော်လေးလီယန်က စားပွဲတင်ပန်းအနိမ့်ထိုးနည်း၊ တြိဂံပုံပန်းအလှထိုးနည်း၊ စက်ဝိုင်းပုံပန်းအလှထိုးနည်း၊ L ပုံစံပန်းအလှထိုးနည်း စသော အလှပန်းထိုးနည်းအမျိုးမျိုးအား လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)