ဖျာပုံ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 ဆရာ/ဆရာမများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဥ် (၂) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ (၁၈) ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ အ.ထ.က (၃) ကျောင်း မြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဥ် (၂) ဆင်းပွဲတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက "ယခု သင်တန်းတက်ရောက်လာကြသောခရိုင်အတွင်းရှိ အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အထက်တန်းကျောင်းနှင့်အထက်တန်းကျောင်းခွဲများမှ ဆရာ/ဆရာမများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်ရာ ဒေသ၊ကျောင်းအသီးသီးတွင် သင်တန်းမှပို့ချပေးလိုက်သော ဥပဒေပညာရပ်များကို ဆင့်ပွားသင်ကြားနိုင်စေရေးအတွက် မိမိတို့လေ့လာမှတ်သားသင်ယူခဲ့တဲ့ ဥပဒေအသိပညာ ဗဟုသုတများကို ကျောင်းသား၊ကျောင်းသူများအပေါ် ပြန်လည်ပို့ချဆွေးနွေးပေးရမှာဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း ဥပဒေကိုသိရှိနားလည်မှသာ လူမှုဘဝမြှင့်တင်မှုများတွင်အကျိုးရှိစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊အလားတူ Grade-11 နှင့် Grade-12 အတန်းများတွင် ဥပဒေဘာသာရပ်ကို သင်ရိုးညွှန်တမ်းတွင် ထည့်သွင်းပို့ချခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များတိုးပွားလာပြီး နိုင်ငံတော်အတွက်အရည်အသွေးပြည့်ဝသည့် ထူးချွန်ထက်မြက်သော လူ့စွမ်းအား အရင်းအမြစ်ကောင်းများပေါ် ထွက်လာစေမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဥပဒေစည်းမျဥ်း၊ စည်းကမ်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်မှတ်ယူကာ တစ်ဦးတစ်ယောက်ချင်းစီက လိုက်နာခံယူကျင့်သုံးနိုင်ရေးအတွက် ဆရာ၊ ဆရာမများမှ နည်းပေးလမ်းညွှန် သင်ကြားဆုံးမပေးဖို့လိုကြောင်း "ပြောကြားပြီး၊ ဖျာပုံခရိုင် ဥပဒေအရာရှိ ဒေါ်ဝေဝေဖြိုးက ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယုနှင့်အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်ပညာရေးမှူးဦးဝင်းအောင်၊ ဖျာပုံခရိုင်ဥပဒေအရာရှိဒေါ်ဝေဝေဖြိုးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ အဆိုဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဥ် (၂) သို့ ဖျာပုံခရိုင်ဥဒေရုံးမှဥပဒေအရာရှိ (၆) ဦးတို့က ဖျာပုံ ခရိုင်အတွင်းရှိ အခြေခံပညာဦးစီးဌာနလက်အောက်ရှိအထက်တန်းကျောင်း၊အထက်တန်းခွဲကျောင်းများမှဆရာ၊ဆရာမ (၁၅၄) ဦး အား (၁၀) ရက်တိုင်တိုင် သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)