ဝေါ ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဒလနွမ်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဒလနွမ်း မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဦးက အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန် ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ပေါင်းဆက်ညှိနှိုင်းပေးသူအဖြစ်ဆောင်ရွက်ပေးပြီး အ.လ.က (ခွဲ) ဒလနွမ်းကျောင်းမှ Grade(9) ကျောင်းသား မောင်ကောင်းမြတ်နိုင်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးတိုက်ဖျတ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(9) ကျောင်းသူ မကြယ်စင်သူက လူကုန်ကူးမှုအန္တရာယ်တားဆီးတိုက်ဖျတ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(9)ကျောင်းသား မောင်မင်းစည်သူက အဂတိလိုက်စားမှုတားဆီးတိုက်ဖျတ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(9) ကျောင်းသား မောင်မြင့်မြတ်က ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(9) ကျောင်းသူ မအေးအေးလှိုင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေး စသည့်ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)