လိပ်သိုဒေသတွင် လက်ဖက်ခြောက်များ ပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

လိပ်သို ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် အအေးပိုင်းဒေသ ဖြစ်သောကြောင့် လက်ဖက်ပင်များကို စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လက်ဖက်စိုက်ပျိုးသူတောင်သူများအနေဖြင့် လက်ဖက်အရွက်နုများ ခူးယူကာ လက်ဖက်ခြောက် (အကြမ်းခြောက်) များ ပြုလုပ်ရောင်းချလျက်ရှိနေကြောင်း သိရသည်။

လက်ဖက်ခြောက်ပြုလုပ်ရာတွင် လက်ဖက်ရွက်များကို ရေနွေးဖြင့် ပေါင်းပေးပြီး အခါးရည်များထွက်စေရန် ဒလိမ့်တုံးဖြင့် ကြိတ်ရကြောင်း၊ လက်ဖက်ရွက်များကို လိပ်သွားသည်အထိ ကြိတ်ပြီး ခြောက်သွေ့သည်အထိ နေလှန်းပေးရကြောင်း၊ ရရှိလာသော လက်ဖက်ခြောက်များကို မှိုမတက်စေရန်နှင့် အနံ့များစုပ်ယူမှု မရှိစေရန် လေလုံသော ပလတ်စတစ်အိတ်များဖြင့် ထုပ်ပိုးသိမ်းဆည်းရကြောင်း လက်ဖက်ခြောက် ပြုလုပ်ရောင်းချသူတစ်ဦးထံမှ သိရသည်။

လိပ်သိုဒေသတွင် လက်ဖက်ခြောက်တစ်ပိဿာလျှင် (၂၅၀၀ဝိ/-) ကျပ်အထိ ဈေးရရှိနေသဖြင့် လက်ဖက်ခြောက်ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း၊ လက်ဖက်ခြောက်အပြင် လက်ဖက်စိုများကိုလည်း ပြုလုပ်ရောင်းချကြကြောင်း သိရသည်။

ခင်လေးနွယ်