ထန်းတပင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဂတ်(စ်) ရည်ဖြည့်သည့် ဆိုင်များအား လိုက်လံစစ်ဆေး

ထန်းတပင် ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံမှုရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ဂတ်(စ်)ရည်ဖြည့်သည့် ဆိုင်များအား လိုက်လံစစ်ဆေး အသိပညာပေးပြောကြားခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေလင်းဦးနှင့် ဝန်ထမ်းများမှ ဂတ်(စ်)ပိုက်လိုင်းများ ယိုစိမ့်မှုမရှိစေရေး မီးသတ်ဆေးဘူးထားရှိမှု ရှိ/မရှိ၊ ထားရှိသည့် ဆေးဘူးများ သက်တမ်းကျော်လွန်မှု ရှိ/မရှိ၊ လျှပ်စစ်မီးများကိုလည်း စနစ်တကျသုံးစွဲရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဘူးအသုံးပြုပုံတို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)