သာယာဝတီမြို့နယ်၌ ဆောင်းပဲတီစိမ်းသီးနှံ လျာထားဧကထက် ကျော်လွန်စိုက်ပျိုး

သာယာဝတီ ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းပဲတီစိမ်းသီးနှံစိုက် ဧက(၃၆၀၇)စိုက်ပျိုးရန်လျာထားခဲ့ရာ (၃၉၂၁)ဧကစိုက်ပျိုးခဲ့သဖြင့် လျာထားဧကထက်(၃၁၄)ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သာယာဝတီမြို့နယ်တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၉) အုပ်စုရှိရာ (၄၈)အုပ်စုတို့၌ ဆောင်းပဲတီစိမ်းစိုက်ခင်းများကို စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

သာယာဝတီမြို့နယ်အနေဖြင့် (၂၀၂၄-၂၀၂၅) ခုနှစ် ဆောင်းပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ နည်းပညာများ စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)