နတ်မောက် ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က စည်ပင်သာယာရေးနယ်နိမိတ်အတွင်း တည်းခိုခန်းလိုင်စင်မရှိဘဲ ပြည်တွင်းဧည့်သည်တည်းခိုခြင်း ရှိ/ မရှိကို ယမန်နေ့က မြို့ပေါ်ရှိ တည်းခိုခန်းများအား လိုက်လံစစ်ဆေးခဲ့ကြသည်။
ထိုသို့ လိုက်လံစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမေ့အိမ်ဧည့်ရိပ်သာ၊ ခိုင်နှင်းဆီတည်းခိုခန်းများအား ဧည့်စာရင်းဝင်ထွက်မှုများ၊ မသင်္ကာဖွယ်ရာဧည့်သည်တည်းခိုမှုများအား ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လှဝင်း