ပေါက်ခေါင်းမြို့နယ်၌ မိုးနှောင်းဝါနှင့်နေကြာများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ

ပေါက်ခေါင်း ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးထားသော မိုးနှောင်းဝါနှင့်နေကြာများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမကဏ္ဍမှတစ်ဧကလျှင် (၂) သိန်းကျပ်နှုန်းနှင့်ညီမျှသော သွင်းအားစုများအား အခြေခံသမဝါယမအသင်း (၈) သင်းမှ အသင်းသား (၃၃၄) ဦး၏ စိုက်ဧက (၁၀၀၀) အတွက် ငွေကျပ်သိန်း (၂၀၀၀) အား ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပြီး၊ လေးကြီးကျေးရွာအုပ်စု နေခြည်သစ်စိုက်ပျိုးရေးနှင့် အထွေထွေအသင်းမှ အသင်းသားတောင်သူဦးဝေယံအောင်၏ ဝါစိုက်ခင်းမှ ပထမအကြိမ် ဝါစတင်ကောက်သိမ်း နေပြီဖြစ်ရာ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းကူညီကောက်သိမ်းခဲ့ရာ တစ်ဧကလျှင် ဝါပိဿာ (၂၃၀) ရရှိခဲ့ကြောင်းနှင့် နောက်ထပ်လေးကြိမ်ခန့် ထပ်မံကောက်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများသည် ဆောင်းဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးရေးစီမံကိန်းအား အသင်း (၃) သင်းမှ အသင်းသားတောင်သူ (၃၅) ဦးဖြင့် ဆောင်ရွက်လျက်ရှိသော ဘန့်ပြင်ကျေးရွာ တက်သစ်စစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးနေလင်းထွန်းစိုက်ပျိုးထားရှိသော နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)