နတ်မောက်မြို့၌  (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

နတ်မောက် ဒီဇင်ဘာ ၁၈               

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။                         

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ကျောင်းသား/သူကလေးငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စိတ်လက်ပျော်ရွှင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်နှင့် ပူးပေါင်းပါဝင်တတ်သည့် စိတ်ဓာတ်ရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် ပူစီဖောင်းနင်း၊ ထိုင်ခုံလု၊ ရေဘူးထည့်၊ ဂေါ်လီလုံးကောက် စသည့် ပြိုင်ပွဲများကျင်းပခဲ့ရာ ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာမများက ဆုများကို ချီးမြှင့်ပေးခဲ့သည်။

လှဝင်း