ကန်ကြီးထောင့်မြို့နယ်၌ ဆောင်းနေကြာဆီထွက်သီးနှံစိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

ကန်ကြီးထောင့် ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဆောင်းနေကြာဆီထွက်သီးနှံ စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ခုံဇင်ကုန်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆောင်းနေကြာဆီထွက်သီးနှံစိုက်ပျိုးပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ခုံဇင်ကုန်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာရှိ ကွင်းအမှတ် ၁၇၀ B၊ ဦးပိုင်အမှတ် ၃၁/၂၊ တောင်သူဦးလှသိန်း၏ လယ်ဧရိယာ(၁.၀၀)ဧကတွင် ဆောင်းနေကြာဆီထွက်သီးနှံ ရေဆင်း(၁)အား ကြဲပက်စိုက်ပျိုးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တောင်သူများအားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)