နတ်မောက်မြို့၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိမှု ရှိ/မရှိ လိုက်လံစစ်ဆေး

နတ်မောက် ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် နတ်မောက်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများထားရှိမှု ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေးခဲ့ကြသည်။

ထိုသို့လိုက်လံစစ်ဆေးခဲ့ရာတွင် ဒုတိယမီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီကာအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အဆင်သင့်ပြင်ဆင်ထားရှိရေး၊ မီးသတ်ဆေးဘူးအသုံးပြုမှု၊ မီးသတ်ရေကန်များ ရေအပြည့်ထားရှိစေရေး၊ စက်သုံးဆီသိုလှောင်ကန်များ မီးဘေးအန္တရာယ်မဖြစ်ပွားအောင် တည်ဆောက်ထားရှိမှု၊ ဆီအမျိုးအစားပမာဏနှင့် မီးဘေးလုံခြုံရေးပစ္စည်းများ အဆင်သင့်ထားရှိမှုရှိ/မရှိတို့ကို နတ်မောက်မြို့ရှိ ဟိန်းစက်သုံးဆီအရောင်းဆိုင်၊ ဇော်ကြီးစက်သုံးဆီအရောင်းဆိုင်နှင့် အောင်ကောင်းမြေစက်သုံးဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှဝင်း