မင်းလှမြို့နယ်၌ E-cigarette and Vape ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းဆောင်ရွက်

မင်းလှ ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်ဆေးဝါးနှင့် အစားအသောက်ကွက်ကဲကြီးကြပ်ရေးကော်မတီက E-cigarette and Vape များရောင်းချခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့်အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ၊ဆေးဆိုင်၊ အဖျော်ယမကာဆိုင်များ၌ E-cigarette and Vape ရောင်းချခြင်းရှိ/မရှိကြည့်ရှုစစ်ဆေးကာ ရောင်းချခြင်းမပြုလုပ်ရန်နှင့်အသိပညာပေး ပြောကြားခြင်းများဆောင်ရွက်ခဲ့သည်။

ပေါက်စ(မင်းလှ)