ကန့်ဘလူ ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းတိုင်းသတင်းရေးသားနည်းပညာများကို စနစ်တကျတတ်မြောက်စေရန် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်း(၄/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က မိမိတို့ဌာနသည် သတင်းများရေးသားနေရသောကြောင့် သတင်းရေးသားရာတွင် အဓိကအခြေခံသဘောတရားများကို သိရှိနားလည်ပြီး လက်တွေ့အသုံးချနိုင်စေရန်နှင့် ဝန်ထမ်းတိုင်းသိရှိနားလည်းတတ်ကျွမ်းထားရမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သတင်းများ မှန်ကန်၊ မြန်ဆန်စွာ ပေးပို့ခြင်းများ မဖြစ်မနေတတ်သိနားလည်ထားရမည်ဖြစ်သည့်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းပြီးဆုံးသည့် နောက်ပိုင်းတွင်လည်း ဆက်လက်ဆည်းပူးလေ့ကျင့်သွားကြရန်လိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသားသင်တန်းသူ လေးဦးတက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလ ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ဝေါဟာရရှင်းလင်းချက်၊ အခြေခံသတင်းစာပညာ၊ သတင်းအချက်အလက်စုဆောင်းခြင်း၊ သတင်းရေးသားခြင်း၊ သတင်းပေးပို့နည်း၊ သတင်းသမားလိုက်နာရမည့် ကျင်းဝတ်နှင့် စည်းကမ်းများ စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း