ကန့်ဘလူ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးကြပ်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် ဆီလုပ်ငန်းရှင်များပူးပေါင်း၍ ဒီဇင်ဘာလ(၁၄)ရက်နေ့ မွန်းလွဲ ၁ နာရီက ကန့်ဘလူခရိုင် စုပေါင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါစားအုန်းဆီများ ရောင်းချပေးရာ၌ နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိစေရန်နှင့် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများကို စနစ်တကျဝယ်ယူနိုင်စေရန်ရည်ရွယ်၍ စားအုန်းဆီ ၁ ပိဿာလျှင် ၈၄၅၀ ကျပ်နှုန်းဖြင့် ဝန်ထမ်းတစ်ဦးလျှင် ၅၀ ကျပ်သားနှုန်း ရောင်းချပေးခဲ့ရာ ၅၈၅ ပိဿာ ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)