အထက်မင်းလှ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲက ကုန်းကြီးကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးလင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများ၊ သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၄)တွင် သင်တန်းသား ၅၀ ဦးအား ဒီဇင်ဘာ (၁၆)ရက်နေ့မှ ဇန်နဝါရီ (၁၀)ရက်နေ့အထိ သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)