လက်ပံတန်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်ဆော်ဩခြင်းနှင့် တစ်အိမ်တက်ဆင်းစစ်ဆေးဆောင်ရွက်ခြင်းဆောင်ရွက်

လက်ပံတန်း ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ခြောက်သွေ့သည့် ဆောင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိနေအိမ်များအား ယနေ့ နံနက်ပိုင်းက တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးလင်း​ကျော် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိနေအိမ်များ၊ ဈေးဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်၊ ဈေးဆိုင်ပတ်ဝန်းကျင်ရှိ လောင်စာအမှိုက်များ ရှင်းလင်းထားရန်၊ ခွင့်ပြုချက်မရှိပဲ လောင်စာဆီသိုလှောင်ခြင်း ရောင်းချခြင်းမပြုရန်၊ မီးလောင်ကျွမ်းမှု မီးလန့်မှုများမဖြစ်ပေါ်စေရန် မီးဘေးလုံခြုံရေးအတွက် ရေပုံး၊ သဲပုံး၊ မီးချိတ်မီးကတ်၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုရန်၊ ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက မီးဖိုချောင်အတွင်းရှိ မီးကြွင်းမီးကျန်များအား စနစ်တကျစွန့်ပစ်အသုံးပြုရေး၊ ဈေးဆိုင်တွင်လူမရှိသည့်အခါ လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားရန်၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ မှတ်သားထားရှိရန်၊ မီးလောင်မှုများဖြစ်ပွားပါကလည်း ဆုံးရှူံးမှုနည်းပါးစေရေးနှင့် အချိန်မီမီးငြိမ်းသတ်နိုင်ရေးအတွက် တစ်အိမ်တတ်ဆင်းလိုက်လံစစ်ဆေးခဲ့ကာ မီးဘေးဆော်ဩခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)