ခန္တီး ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၊ မိခင်ကလေးကျန်းမာရေးဌာနတွင် ယနေ့ နံနက်(၉)နာရီအချိန်မှစ၍ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ခန္တီးမြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးအချိန်နှင့် အရပ်တိုင်းခြင်း၊ သွေးစစ်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်ဝန်စမ်းသပ်ပေးခြင်း၊ အားဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကို မိခင်ကလေးကျန်းမာရေးဌာန၊ ဝန်ထမ်းများက အပတ်စဉ်တနင်္လာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကမ်းကီး (ပြန်/ဆက်)