နတ်မောက်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံဆောင်းနေကြာ (၉၅၈၀)ဧက စိုက်ပျိုး

နတ်မောက် ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာဧက (၉၅၈၀)စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်းနေကြာအထွက်နှုန်း တိုးတက်စေရေးနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စားသုံးဆီတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ စိုက်နည်းစနစ်မှန်ကန်စေရေး မျိုးသန့်ပွားများရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရေဆင်း(၁) ဆပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ(၂)နေကြာမျိုးများ ဖြန့်ဖြူးစိုက်ပျိုးပြီး မျို့းစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်မတို့ အခုလိုဆပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ(၂)နေကြာမျိုးများ အထွက်နှုန်းတိုးတက်စေရေး စံပြကွက်များစိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုးခြင်းဖြင့် နေကြာစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်လာခြင်း၊ ဝင်ငွေကောင်းလာစေခြင်း၊ လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်လာစေခြင်း စတဲ့အကျိုးကျေးဇူးများကို တောင်သူတွေခံစားရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးရတာဖြစ်ပါတယ် ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုကပြောသည်။

လှဝင်း