မိုးညို ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ E- cigarette and Vape များ ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်း၊ သတိပေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ E- cigarette and Vape အား လူရွယ်များ၏ လည်တိုင်တွင် ချိတ်ဆွဲပြီး ဆေးလိပ်အစားထိုးဟုဆိုကာ ဓာတုအခိုးအငွေ့များကို ရှုရှိုက်မှုတ်ထုတ်သည့် စတိုင်ပုံစံဖြင့် သုံးစွဲနေကြသည်ဟုသိရှိရသဖြင့် ဘေးထွက်ဆိုးကျိုးများရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ဆေးတွေ့ရှိ၍ ပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် စတိုးဆိုင်(၂)ခု၊ ကုန်စုံဆိုင်(၄)ခု၊ မုန့်မျိုးစုံဆိုင်(၂)ခု၊ ကွမ်းယာနှင့် ဆေးလိပ်ပစ္စည်းဆိုင်(၁)ခု၊ ဖုန်းဆိုင်(၁)ခုတို့တွင် Vape ရောင်းချမှု ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)