တောင်ငူ ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မင်းကြီးညိုရပ်ကွက်ရှိ တောင်ငူမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူးနေအိမ်၌ ဖွင့်လှစ်ထားသည့် အသင်းယာယီရုံးခန်းတွင် တောင်ငူမြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီအစည်းအဝေးနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့အစည်းအဝေး အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် သဘာပတိ ဦးကျော်လှ(သမာဓိ)မှ အဖွင့်အမှာစကားပြောကြားပြီး တောင်ငူမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဇော်ဇော် (ဇော်ဇော်-တရားလွှတ်တော်ရှေ့နေ)က မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ ပေးပို့သည့် ၁၃၈၆ ခုနှစ်၊ (၂၀၂၄) စာဆိုတော်နေ့အတွက် သဝဏ်လွှာကို ဖတ်ကြားဆွေးနွေးသည်။ ထို့နောက် တောင်ငူမြို့နယ် စာရေးဆရာအသင်း၏ နှစ်ပတ်လည်အစီရင်ခံစာကို မြို့နယ်အသင်းအတွင်းရေးမှူး ဦးအောင်ဌေး(မှူးအောင်)က ဖတ်ကြားတင်သွင်းပြီး အသင်း၏ ဘဏ္ဍာရေးရှင်းတမ်းကို မြို့နယ်အသင်း ဘဏ္ဍာရေးမှူး ဒေါ်ခင်ပုလဲကျော် (မိုးမခ-နန်းမြေ)က ဖတ်ကြားတင်သွင်းသည်။ ယင်းနောက် မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံနှင့် တတိယအကြိမ်ညီလာခံအစည်းအဝေးဗဟိုဦးစီးအဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ညီလာခံကိုယ်စားလှယ်ဖြစ်သည့် မြို့နယ်အတွင်းရေးမှူး ဦးအောင်ဌေးက အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စာရေးဆရာအသင်းဝင်များက ပြန်လည်ဆွေးနွေးကြပြီး သဘာပတိမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းဝင် (၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)