ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းချေးငွေ နဝမအကြိမ်ထုတ်ချေး

ဖြူး ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်း နဝမအကြိမ် ချေးငွေထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့်တာဝန်ရှိသူများ၊ မြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား(၁၉)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား(၄၀)ဦး စုစုပေါင်းအသင်းသား(၅၉)ဦးအား ငွေကျပ်(၄၃၀)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းကျေးရွာ (၅၈)ရွာ၊ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) (၅) ရွာရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)