ချောက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး သရုပ်ပြလေ့ကျင့်

ချောက် ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ချောက်ရေနံမီးသတ်တို့ပူးပေါင်းပြုလုပ်သော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးသရုပ်ပြလေ့ကျင့်ခြင်းကို အမှတ် (၁၅)ရပ်ကွက်၊ ရတနာအိုင့်ရပ်မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးငြှိမ်းသတ်သရုပ်ပြမှုကို မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ချောက်ရေနံမီးသတ်တာဝန်ခံ ဦးကြည်မိုးနှင့် အဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု ကိုင်တွယ်ပုံအား ရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်ယာဉ်များဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်တာဝန်ခံနှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)