အောင်လံမြို့၌ သမဝါယမအသင်းစုလီမိတက် ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ

အောင်လံ ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ သမဝါယမအသင်းစုလီမိတက် (၁-၁၀-၂၀၂၀) မှ (၃၁-၃-၂၀၂၁) မီနီဘတ်ဂျက်နှင့် (၂၀၂၁-၂၀၂၂)၊ (၂၀၂၂-၂၀၂၃)၊ (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့နယ် သမဝါယမအသင်းစုလီမိတက် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သဘာပတိဦးညွန့်မောင်(ဥက္ကဋ္ဌ)က တက်ရောက်လာသည့်  ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များအား အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင်၊ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ  ဦးစံကျော်ဝင်း၊ အောင်လံမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အောင်လံမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြမြလွင်တို့မှ အမှာစကားအသီးသီးပြောကြားခဲ့ကြသည်။

ထို့နောက် အောင်လံမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်ချက်အစီအရင်ခံစာ၊ အောင်လံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ စာရင်းစစ်အစီအရင်ခံစာနှင့် (၂၀၂၃-၂၀၂၄) နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းတို့အား ဖတ်ကြားတင်ပြခဲ့သည်။

ဆက်လက်၍ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီအရင်ခံစာနှင့်ရှေ့လုပ်ငန်းစဉ်များ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးရှင်းတမ်း စာရင်းစစ်အစီအရင်ခံစာများအားအတည်ပြုပေးခဲ့ပြီး၊ သဘာပတိမှ တက်ရောက်လာသူများကို နိဂုံးချုပ်စကား ပြောကြားပေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)