ကျိုက်လတ် ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက Wilmar Myanmar Riceland Kyaiklat Limited ပေါင်းဆန်စက်ရုံအား မီးဘေးအန္တရာယ် ကင်းရှင်းရေးကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးနိုင်လင်းတို့က Wilmar Myanmar Riceland Kyaiklat Limited ပေါင်းဆန်စက်ရုံဝန်းအတွင်း မီးဘေးလုံခြုံရေးထောက်ခံချက်ရယူရန် လျှောက်ထားသည့်ဝန်ထမ်းလိုင်းခန်းအဆောက်အဦများ၊ စက်ရုံစားသောက်ဆိုင် အသစ်တည်ဆောက်ပြီးစီးမှုနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများတပ်ဆင်ပြီးစီးမှုအား စစ်ဆေးခဲ့ပြီး စက်ရုံတာဝန်ရှိသူများအား မီးဘေးလုံခြုံရေးအတွက်လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်