မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၅
မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာ၊ အောင်ချမ်းသာစာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းနှင့် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးတို့က စာကြည့်တိုက်အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် စာအုပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စာပေဗိမာန် သုတ/ရသ စာအုပ် (၂၉၀)အုပ်ကို လှူဒါန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းမြက လက်ခံရယူပြီး မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များက လှူဒါန်းသည့် သုတ/ရသစာအုပ် (၁၀၀)အုပ်ကို ဦးနေလှိုင်က ပေးအပ်လှူဒါန်းရာ စာကြည့်တိုက်ကော်မတီဝင် ဦးလောမှ လက်ခံရယူခဲ့ပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံ ရိုတ်ကူးခဲ့ကြသည်။
ထို့နောက် စာကြည့်တိုက်အတွင်း စာအုပ်/စာစောင်များ ပရိဘောဂများ၊ ဖြည့်တင်းထာရှိမှုနှင့် ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ပါဝင်ကူညီခဲ့သည့် ဆင်အကအဖွဲ့၊ ကရင်ဒုံးယိမ်းအကအဖွဲ့၊ ပန်းဖွားအကအဖွဲ့နှင့် ကျောင်းသူလေးများ သီဆိုကပြနေမှုများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရနှင့်နှင့်ပြည်သူများက စုပေါင်းလှူဒါန်းငွေဖြင့် လည်းကောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်အဆောက်အအုံသစ်များ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ရှိပြီးသားစာကြည့်တိုက်များအတွက် ပရိဘောဂနှင့် အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် သုတ/ရသ စာအုပ်များ လှူဒါန်းပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောက်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့်စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံများက ဝိုင်ဝန်းထိမ်းသိမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် စာကြည့်တိုက်တွင် နိုင်ငံပိုင်သတင်းစာများ ထားရှိရန်လိုကြောင်း မှာကြားခဲ့သည်။
အဆိုပါ စာကြည့်တိုက်၏ မြေအကျယ်အဝန်မှာ အလျား ၄၀ ပေ၊ အနံ ၅၀ ပေ၊ အဆောက်အအုံအကျယ်အဝန်းမှာ အလျား ၂၀ ပေ၊ အနံ ၁၉ ပေ၊ အမြင့် ၁၁ ပေရှိပြီး အုတ်ကာ၊ သွပ်မိုး၊ တစ်ထပ်အဆောက်အအုံဖြစ်ကြောင်း သိရသည်။ အောင်ချမ်းသာစာကြည့်တိုက် အဆောက်အအုံသစ်ကို မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီက ခွဲဝေပေးသည့် ငွေကျပ်သိန်း ၁၅၀၊ ဒေသခံပြည်သူများက လှူဒါန်းငွေကျပ်သိန်း ၁၀၀ စုစုပေါင်းငွေကျပ် သိန်း ၂၅၀ ဖြင့် တည်ဆောက်ခဲ့ခြင်ဖြစ်ကြောင်းနှင့် စာကြည့်တိုက်တွင် သုတ(၆၅၀) အုပ်၊ ရသ ( ၅၂၀ )အုပ် စုစုပေါင်း (၁၁၇၀)အုပ်ရှိကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)