မုံရွာ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်း ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်း တောင်ရိုးရှိ ဘုန်းတော်ကြီးများနှင့် သီလရှင်ကျောင်းများအနီး ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့အတွက် စစ်ကိုင်း-ကျောက်တာ-ရေခါး-စကျင်လမ်း ၀/၀ မှ ၉/၀ အထိ အုတ်စီရေမြောင်းများဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ရောက်ရှိရာ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အုတ်စီရေမြောင်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်မှုအား စံချိန်စံညွှန်းမီစွာဖြင့် အရည်အသွေးကောင်းမွန်စွာ ဆောင်ရွက်သွားရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အုတ်စီရေမြောင်းများ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက် စစ်ကိုင်း-မင်းကွန်း-ထုံးဘို-မယ်ဇလီချောင်း- ချောင်းဦးလမ်း ၀/၂ မှ ၁/၂ အတွင်း ၂၃၀၈ ပေအရှည်အား Hand Rail ဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ရောက်ရှိရာ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက Hand Rail လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ Hand Rail လုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ပေါ်ရှိ ဝန်ထမ်းများ စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်စားသုံးမှုအဆင်ပြေစေရန်နှင့် ဒေသ၏ဟင်းသီးဟင်းရွက်လိုအပ်မှုအား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရည်ရွယ်၍ ဧရာဝတီမြစ် ကမ်းဘေးမြေနုကျွန်းပေါ်၌ စစ်ကိုင်းခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၏ ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ ရောက်ရှိရာ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့က ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ဆက်လက်စိုက်ပျိုးသွားမည့်အခြေအနေများအား လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဟင်းသီးဟင်းရွက်စိုက်ပျိုးထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ စိုက်ခင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)