ညောင်တုန်းမြို့နယ်တွင် အမှိုက်ကင်းစင်သန့်ရှင်းရေးနှင့် သစ်ပင်စိုက်ပျိုးပွဲ စုပေါင်းဆောင်ရွက်

ညောင်တုန်း ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အမှိုက်ကင်းစင်သန့်ရှင်းရေးနှင့် သစ်ပင်စိုက်ပျိုးပွဲစုပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မြို့နယ်အတွင်း အမှိုက်ကင်းစင်သန့်ရှင်းရေးနှင့် သစ်ပင်စိုက်ပျိုးပွဲစုပေါင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှပြည်သူများက စွန့်ပစ်အမှိုက်များ‌ကောက်ယူခြင်းနှင့် ချုံနွယ်များရှင်းလင်းခြင်းကိုဆောင်ရွက်ခဲ့ကြပြီး တောရကျောင်းလမ်းထိပ်မှ မြို့အဝင်ကြိုဆိုပါ၏ လမ်းထိပ်အထိ လမ်းဘေးဝဲယာများတွင် ပျဉ်းကတိုး(၁၅၀)ပင်နှင့် မဟော်ဂနီ (၁၅၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)