သဲကုန်းမြို့နယ်တွင် ဆေးလိပ်အစားထိုး အီး-စီးကရက် (Vape) ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

သဲကုန်း ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အများပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူ လူငယ်များ သုံးစွဲရန်မသင့်သော ဆေးလိပ်အစားထိုး အီး - စီးကရက် (Vape) ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ စတိုင်းဆိုင်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးဝါးကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များမှ မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်တွင် ရောင်းချလျက်ရှိသည့် ဆေးလိပ်အစားထိုး အီး - စီးကရက် Vape၊ Heated Tobacco Product- HTP၊ Vape Pens၊ Mods၊ Pods၊ e-Cigarettes၊ e-Pipes၊ e- Cigars များနှင့် ယင်းတို့နှင့် ဆက်စပ်အသုံးပြုသောပစ္စည်းများ သုံးစွဲခြင်းနှင့် ရောင်းချခြင်း ရှိ/ မရှိစစ်ဆေးခဲ့ပြီး သုံးစွဲပါက ဖြစ်ပွားနိုင်သော ကျန်းမာရေးဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)