မင်းလှ ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပညာဘူမိတက္ကသိုလ် (University Of Wisdom Land) မှ ကြီးမှူးကျင်းပသည့် သုတဓမ္မဒီပလိုမာစာမေးပွဲ ပဲခူးစာဖြေဌာန (၅) ကို အမှတ် (၆) ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ နေ့လယ် ၁ နာရီချိန်က စတင်ဖြေဆို ကျင်းပခဲ့သည်။
စာမေးပွဲကို ပညာဘူမိတက္ကသိုလ်(University Of Wisdom Land) မှ ဆရာတော် ဥုးနန္ဒာစာရနှင့် မင်းလှမြို့နယ် သုတဓမ္မဒီပလိုမာ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်းမြို့နယ်မှ သုတဓမ္မဒီပလိုမာ Level -1 ဝင်ရောက်ဖြေဆိုရန် စာရင်ပေးသွင်းထားသူ (၂၂၆) ဦးအနက်မှ သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များစုစုပေါင်း (၁၀၉) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါ သုတဓမ္မဒီပလိုမာ Level -1 စာမေးပွဲကို နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီချိန်ထိ ကျင်းပပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့တွင် Level -2၊ Level -3 အဆင့်စာမေးပွဲကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)