ရွှေသောင်ယံ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က အ-မ-က(ကျောက်တလုံး)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများကိုကျင်းပရခြင်းမှာ ကလေးများကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာ၊ ကြံ့ခိုင်သော သားငယ်၊သမီးငယ်များဖြစ်လာစေရေး၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပခြင်းဖြင့် စိတ်ဓါတ်စွမ်းရည်များတိုးတက်မြင့်မားပြီး စဉ်းစားတွေးခေါ်မှု၊ တီထွင်ကြံဆမှု၊ အမျှော်အမြင်ကောင်းများရရှိမှုစသည့် အလေ့အကျင့်ကောင်းများကို ရရှိလာမည်ဖြစ်သည်။
အဆိုပါ ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများတွင် ကျောင်းသား/ကျောင်းသူများမှ ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဂုံနီအိပ်စွပ်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ စသည်ဖြင့်ကျင်းပပြုလုပ်ခဲ့ကြရာ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးနှင့်ဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)