ရေပုတ်ကျေးရွာ အခြေပညာအထက်တန်းကျောင်း (ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

မင်းဘူး ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် အ.ထ.က (ခွဲ) ရေပုတ်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

 ဦးစွာ အ.ထ.က(ခွဲ)ရေပုတ်ကျောင်းမ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပသည့်အခါ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က(ခွဲ) ရေပုတ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူလေးများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)