မင်းဘူး(စကု)မြို့နယ်၌ မီးဘေး၊ မြေပြိုဘေးစသော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြော

မင်းဘူး ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရေပုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌၊ ယမန်နေ့နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေး၊ မြေပြိုဘေးစသော ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။

ဦးစွာ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသျှန္ဒီအောင်ကျော်က ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်လေးများအား ပွင့်လင်းရာသီ၌ မိမိတို့၏ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လေ့ရှိသည့် လေဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေးနှင့်မီးဘေးအန္တရာယ်များအား ရှောင်ရှားကာ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထိုဟောပြောပွဲတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးတက်ရောက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များပေးအပ်ကာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဗီနိုင်းပိုစတာများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)