ပိုင်ကျုံမြို့ ရွာကိုင်ကောင်းကျေးရွာ၌ ရေဆင်းစပ်မျိုးနေကြာ ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

ပိုင်ကျုံ ဒီဇင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ရွာကိုင်းကောင်းကျေးရွာအုပ်စု၊ ရွာကိုင်းကောင်းကျေးရွာ၌ ရေဆင်းစပ်မျိုးနေကြာမျိုးစေ့များ ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့က တောင်သူ ဦးအဲ့သိန်း၏ လယ်မြေ (၉.၀၀) ‌ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပိုင်ကျုံမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဆီဖူလုံမှုရရှိရေးအတွက် နေကြာများစိုက်ပျိုးရခြင်း၏ ရည်ရွယ်များကို ရှင်းလင်းပြောကြားပြီး မြို့စိုက်ပျိုးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦစိုးမင်းထွန်းက နေကြာစိုက်ပျိုး ထုတ်လုပ်နည်းများ၊ စိုက်ပျိုးနည်းစနစ်များနှင့် မြေဩဇာပက်ဖြန်းနည်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နေကြာမျိုးစေ့များကို ဒေသခံပြည်သူများထံပေးအပ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများတို့က ဒေသခံတောင်သူများနှင့်အတူ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ထိုအခမ်းအနားတွင် ပိုင်ကျုံမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)