ပခုက္ကူခရိုင်အဆင့် မီးဘေးလုံခြုံရေး အထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ

မကွေး ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် မီးဘေးလုံခြုံရေး အထူးကျွမ်းကျင်မှုဆင့်ပွားသင်တန်း( Fire Safety Specialist Course) ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က  မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ပခုက္ကူခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းစည်းမျဉ်း၊ စည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနများမှ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ (၁၂) ဦးတက်ရောက်ကြပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်မှ (၁၃) ရက်နေ့အထိ သင်တန်းကာလလတစ်ပတ်ကြာ အရေးပေါ် မီးငြိမ်းသတ်ရေး၊ အန္တရာယ်ရှိ ဓာတုဗေဒပစ္စည်းများ၊ စက်ရုံ/အလုပ်ရုံ၊ ဟိုတယ်/မိုတယ်၊ အထပ်မြင့်အဆောက်အအုံများအား မီးဘေးလုံခြုံမှုရှိစေရေးနှင့် အရေးပေါ်လွတ်မြောက်မှုအတွက် ထည့်သွင်းတပ်ဆင်တည် ဆောက်ရမည့် ခေတ်မီ Fire Protection System များ၊ Online System ဖြင့် မီးဘေးလုံခြုံရေးဆိုင်ရာလျှောက်ထားခြင်း၊ ထုတ်ပေးခြင်း၊ လုပ်ငန်းလိုင်စင် ခွင့်ပြုမိန့်ပေးခြင်းများဆိုင်ရာ ဘာသာရပ်များကို စာတွေ့လက်တွေ့စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(CN-034)