သရက် ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှု အရသရက်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပျားလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးတင့်နှင့်အဖွဲ့ဝင်များ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲ (၁) နာရီက ရေပေါ်ကျွန်းကျေးရွာရှိ နေကြာစိုက်ခင်းများတွင် စုဝေးတည်ရှိမှု၊ ပန်းဖူးပွင့်မှု အခြေအနေအရ ပျားအုံများချထားပေးရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပျားလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးတင့်က ပျားအုံများချထားပေးခြင်း အကျိုးကျေးဇူးကို တောင်သူများအား Power Point ဖြင့် အသိပညာပေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)