တမူးမြို့တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

တမူး ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၀၅း၃၀)နာရီအချိန်က စုရပ်ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှစတင်၍ ပြည်သူ့အားကစားကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစုပေါင်းလမ်းလျှောက်ပွဲသို့ တမူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ(၅၈၀)ဦးတို့စုပေါင်း၍ စုရပ်မှစတင်ကာ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မီးသတ်လမ်းဆုံမှတစ်ဆင့် အာရှလမ်းမကြီးအတိုင်း လျှောက်လှမ်းခဲ့ကြပြီး ပြည်သူ့အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ကာယနည်းပြဆရာဦးဆောင်၍ ကိုယ်ကာယလေ့ကျင့်ခန်း အတွဲ(၁)နှင့်(၂)တို့ကို စုပေါင်းလုပ်ဆောင်ခဲ့ကြပြီး လူထုစုပေါင်းလမ်းလျှောက်ပွဲတွင်ပါ၀င်သူများအား ကောက်ညှင်းပေါင်း၊ အကြော်၊ လက်ဘက်ရည်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ရတနာ