တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာန၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

တောင်တွင်းကြီး  ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊  မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာန၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် () နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးသင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက “အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့လေ့ကျင်ရေး စီမံချက်အရ တောင်တွင်းကြီးမြို့အတွင်းမှာရှိတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးကို မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်သောဘာသာရပ်များ၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်တတ်ကျွမ်းစေရန်အတွက် လေ့ကျင့်ရေးမွမ်းမံသင်တန်းကို စနစ်တကျသင်ကြားလေ့ကျင့်ပြီး အောင်မြင်စွာ ပြီးမြောက်တဲ့နေ့ဖြစ်လို့ ဂုဏ်ယူပါကြောင်း သင်တန်းမှာ လေ့ကျင့်သင်ကြားပေးခဲ့သော အခြေခံမီးသတ်ပညာ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးပြုစုခြင်း ဘာသာရပ်တွေကို နားလည်တတ်မြောက်ခဲ့ပြီးဖြစ်လို့ လက်တွေ့အသုံးချတတ်ရန် လိုအပ်ကြောင်း” သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုများ ပေးအပ်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်က သင်တန်းဆင်းလက်မှတ်များအား တစ်ဦးချင်း ပေးအပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါသင်တန်းကို တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ပြီးသင်တန်းကာလမှာ ရက်သတ္တပတ် လေးပါတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 နောင်နောင်(ဗိဿနိုးမြေ)