သာပေါင်း ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ဆောင်ဘုံ၊ ခေနန်၊ သရက်ကုန်း ကျေးရွာအုပ်စုများ၌ ဆီထွက်သီးနှံမြေပဲမျိုး ပြောင်းလဲစိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်ဇော်နိုင်၊ မြေစာရင်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးအောင်ထွန်းမြင့်တို့က ဆောင်ဘုံကျေးရွာအုပ်စု၊ ခေနန်ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာအုပ်စုတို့တွင် ၂၀၁၉ ခုနှစ်၊ စီမံကိန်းသီးနှံ ပဲပုတ်တစ်မြို့နယ်လုံး (၂၅၅) ဧကစိုက်ပျိုးခဲ့ပြီး တောင်သူများမှ ဆီထွက်သီးနှံမြေပဲမျိုး ပြောင်းလဲစိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီသို့ တင်ပြနိုင်ရေး ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်