ကန်ကြီးထောင့်မြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် World Vision တို့ပူးပေါင်း၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ဒီဇင်ဘာလ (၁၂)ရက်နေ့က ကျင်းပခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဖွဲ့ဝင်(၂) ဦလှမြင့်က ကျောင်းသား၊ ကျောင်းသူများ စာပေပိုမို လေ့လာဖတ်ရှုကြစေရန်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်က ကျောင်းသား၊ ကျောင်းသူများ ယခုထက်ပိုမို ကြိုးစားကြစေရန်နှင့် ကျေးဇူးတင်စကားကို လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များကို လည်းကောင်း၊ မြို့မရဲစခန်းမှူးက မူးယစ်ဆးဝါးအလွဲသုံးမှုနှင့်ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/သူလေးများအား တာဝန်ရှိသူများက ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေရာအဖွဲ့ဥက္ကဋ္ဌ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)