ပိုင်ကျုံမြို့ မူ(လွန်) မိကြောင်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပိုင်ကျုံ ဒီဇင်ဘာ ၁၃

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိကြောင်ကျေးရွာအုပ်စု မိကြောင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂-၂၀၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျောင်းသား/ သူများက တို့ကျောင်းတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အ-မ-က ပိန္နဲကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ယခုအချိန်ကာလသည် ကျောင်းတိုင်းကျောင်းတိုင်း ဆရာ/မများ လိုအပ်လျက်ရှိကြောင်း၊ လိုအပ်သည့်ဆရာ/ မများအား ဒေသခံများမှဖြည့်ဆည်းပေးသည့်အတွက်ကြောင့် ပညာရေးဌာနကိုယ်စား အထူးကျေးဇူးတင်ကြောင်း၊  ကျောင်းတစ်ကျောင်း ဖွံ့ဖြို့းတိုးတက်ဖို့အတွက် မိဘ/ဆရာ/ ကျောင်းသား စည်းလုံးညီညွတ်မှုရှိရန်လိုအပ်ကြောင်း မူ(လွန်)မိုးနိုင်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးက ဒေသဖွံ့ဖြိုးရေးနှင့်လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးအတွက်  ပညာရေးကဏ္ဍသည် အလွန်အရေးကြီးကြောင်း အသီးသီး အမှာစကားပြောကြားခဲ့သည်

ဆက်လက်၍  ဆုပေးပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးသည့် အလှူရှင်များ/ ကျောင်သားမိဘများကို ကျောင်းကော်မတီအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည် ယင်းနောက် ၂၀၂၃-၂၀၂ ပညာသင်နှစ်တွင် ထူးချွန်စွာ ဖြေဆိုအောင်မြင်သည့်  ကျောင်းသား/ သူများအား တာဝန်ရှိသူများတို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်

ထို့နောက် ကျောင်းသား/ သူလေးများက အခမ်းအနားတွင် တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များကို သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)