သံတောင်ကြီး ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီး စသည့် နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လက်ဖက်မွှေးစိုက်ပျိုးခြင်းလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် လက်ဖက်မွှေးစိုက်ပျိုးသူ များပြားလာကြောင်း သိရသည်။
လက်ဖက်မွှေးပင်များ စိုက်ပျိုးပြီး တစ်နှစ်ခန့်တွင် အရွက်များ ခူးယူနိုင်ပြီး အရွက်များကို တစ်နှစ်လျှင် (၄) ကြိမ်မှ (၅) ကြိမ်အထိ ဆွတ်ခူးနိုင်သည်။ ခူးယူပြီး လက်ဖက်မွှေးအရွက်များကို ရေနှင့်သေချာစွာ သန့်စင်ဆေးကြောပြီး နေပူလှမ်းကာ မီးဖြင့် မပူမအေး စနစ်တကျသေချာစွာ အခြောက်ခံရသည်။ ထို့နောက် လက်ဖက်မွှေးအရွက်ခြောက်များကို စတနစ်တကျထုပ်ပိုးကာ သံတောင်ကြီးမြို့ပေါ်တွင်သာမက တောင်ငူမြို့ရှိ ကုန်စုံဆိုင်များတွင် တင်သွင်းရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေ ရရှိကြောင်း လက်ဖက်မွှေး စိုက်ပျိုးထုတ်လုပ်ရောင်းချသူ နော်တော့နော်ထံက သိရသည်။
အဆိုပါ လက်ဖက်မွှေးခြောက်များကို လက်ဖက်ခြောက်နှင့်ရောနှောထည့်ကာ ရေနွေးကြမ်းဖြင့် သုံးဆောင်နိုင်ပြီး အနံ့မွှေးကာ ဆေးဖက်ဝင်ကြောင်း သိရသည်။
နော်နော်မူ