ငပုတော ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စုတွင် ရေဆင်းစပ်မျိုးနေကြာ (၁) ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းအမှတ် (၁၃၆၆-ခ)၊ ဦးပိုင်အမှတ် (၇/၉) တောင်သူ ဦးထွန်းမြင့်ဇော်၏ လယ်မြေ (၅.၀၀)ဧကတွင်ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ဆီဖူလုံမှုရရှိစေရေးအတွက် နေကြာမျိုးစေ့များ စိုက်ပျိုးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရေဆင်းစပ်မျိုးနေကြာမျိုးစေ့များကို မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌက ဒေသခံတောင်သူများထံပေးအပ်ပြီး မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့်အတူ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)