သံတောင်ကြီးမြို့တွင် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပ

သံတောင်ကြီး ဒီဇင်ဘာ ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို  ယမန်နေ့နေ့လည် (၂) နာရီအချိန်က သံတောင်ကြီးမြို့ အမှတ် (၂) ရပ်ကွက်ရှိ အားကစားကွင်း၌  ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဦးစွာ ရှင်ဂျော့ဂျာက်အသင်းတော်မှ ဆရာတော်တင်အုန်းမှအဖွင့်ဆုတောင်းပေးပြီး အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဖွင့်ပွဲ၊ ပွဲစဉ်အနေဖြင့် တောပြာကြီးကျေးရွာနှင့်ယစ်မိုင်းကျေးရွာတို့က ယှဉ်ပြိုင်ကစားခဲ့ရာ တောပြာကြီးကျေးရွာအသင်းက (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း ပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများက ပြိုင်ပွဲဝင်အသင်း (၂၂) သင်းဖြင့် ဒီဇင်ဘာလ (၁၂) ရက်မှ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ