တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပ

တောင်တွင်းကြီး ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည်  ပဲကျော်၊ ပဲလှော်နှင့် အကြော်စုံလုပ်ငန်းရှင်များအား ယနေ့နံနက်()နာရီခွဲအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် လက်​တွေသရုပ်ပြပွဲကို ​ရွှေအိုးနယ်မြေမီးသတ်စခန်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်က မီးဘေးလုံခြုံကာကွယ်ရေး အသိပညာပေးဆွေးနွေးရခြင်း ရည်ရွယ်ချက်များ၊ မီးလောင်မှုအခြေခံသဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစားခွဲခြားခြင်းများ၊ လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများ၊ မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲဝင်များသည် အဆိုပါမီးသတ်နယ်မြေစခန်းအတွင်းရှိ ကွင်းပြင်တွင် ဆီမီးလောင်မှုအား တစ်ဦး​​ခြင်း မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုကို  လက်တွေ့ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)