အခြေခံပညာမူလတန်းကျောင်း ဇော်ဂျီကွင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဇလွန် ​ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့်ဝန်ထမ်းများက အခြေခံပညာမူလတန်းကျောင်း ဇော်ဂျီကွင်းတွင် ယမန်နေ့နံနက် ၁၀ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အခြေခံပညာမူလတန်းကျောင်း ဇော်ဂျီကွင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ

ဒေါ်အေးမြင့်သိန်းက ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန် ၊ လူငယ်လူရွယ် ကျောင်းသား ၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုအသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရူ့လေ့လာခဲ့ကြသည်။

ဝေယံ

ဇလွန် (ပြန်/ဆက်)