ရွှေတောင် ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များမှ ယမန်နေ့နံနက်ပိုင်းက ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ရွာသာယာ-နွားခြံကုန်း-မြို့မလမ်း မြေသာဘောင်ချဲ့တင်ခြင်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ရွှေတောင်-ရွှေနတ်တောင်လမ်းပေါ်ရှိ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေး (တံတားတည်ဆောက်ရေး)အဖွဲ့မှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မယားမာန်တံတား (၈၀"x၂၀") သံကူကွန်ကရစ်တည်ဆောက်နေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် “ရွှေလာဘံ” ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော မီးလောင်ကျေးရွာအုပ်စု၊ ဝါးလည်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် “ဇင်ယော်ဧရာ” ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော မီးလောင်ကျေးရွာအုပ်စု၊ အင်္ဂလိုင်ဂံကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)