ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာတွင် မျိုးစေ့ချကိရိယာဖြင့် နွေစပါးမျိုးစေ့ချ စိုက်ပျိုးပွဲကျင်းပ

ဖျာပုံ ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာအုပ်စု၊ တောင်သူ ဦး‌အုန်းကြည်၏ ကွင်းအမှတ် (၄၉၉-A)၊ ဦးပိုင်အမှတ်(၆/၃)၊ လယ်​မြေဧက (၇)ဧကတွင် ကြဲခင်းစနစ် လျော့နည်းပပျောက်ရေးနှင့် တစ်ဧကအထွက်နှုန်း တိုးထွက်ရန်ရည်ရွယ်၍ ၂၀၂၄ -၂၀၂၅ခုနှစ်၊ စံပြစိုက်ခင်းတွင် နွေစပါးရာသီ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုး‌ပွဲကို ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ မျိုးစေ့ချကိရိယာဖြင့် နွေစပါးမျိုးစေ့ချ စိုက်ပျိုးပွဲကျင်းပရာသို့ ဖျာပုံခရိုင် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်​​မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်​​မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာအေး၊ ခရိုင်နှင့်​မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံ တောင်သူများသည် ကိုးအိမ်တန်းကျေးရွာအုပ်စု၊ တောင်သူ ဦး‌အုန်းကြည်၏ ကွင်းအမှတ် (၄၉၉-A)၊ ဦးပိုင်အမှတ်(၆/၃)၊ လယ်​မြေဧက (၇)ဧကတွင် ကြဲခင်းစနစ်လျော့နည်းပပျောက်ရေးနှင့် တစ်ဧကအထွက်နှုန်းတိုးထွက်ရေး (၂၀၂၄-၂၀၂၅)ခုနှစ်၊ စံပြစိုက်ခင်း နွေစပါးရာသီ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုး‌ပွဲကို သွားရောက်၍ လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး၊ ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်​​မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ(Drum Seeder)တို့ဖြင့် စိုက်ပျိုး၍ ရရှိသည့် အကျိုးကျေးဇူးများအား ကျယ်ကျယ်ပြန့်ပြန့်‌ ဆွေးနွေးပြောကြားခဲ့ပြီး‌ ဒေသခံတောင်သူများ၏ သိရှိလိုသည်များ ဆွေးနွေးမေးမြန်းမှုများအပေါ်
  လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်၊၊
အောင်ဝင်းနိုင်(ပြန်/ဆက်)