သံတောင်ကြီး ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသူ/ကျောင်းသားများအား ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT)နှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်တာ ဇေယျာဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် (၅)နှစ်မှ (၇)နှစ်ကျောင်းသူ/ကျောင်းသားများ အားဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT)နှင့် အသက် (၉)နှစ်နှင့် (၁၀)နှစ် ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေား (HPV)တို့အား စနစ်တကျထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့်ကျောင်းများ တွင် ရက်အလိုက်သတ်မှတ်ပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နော်နော်မူ