သံတောင်ကြီး ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်နေ့ကို ကြိုဆိုသောအားဖြင့် သံတောင်ကြီးမြို့ အခြေခံပညာအထက် တန်းကျောင်းဝင်း မိုးလုံလေလုံ အားကစားခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က ခရစ္စမတ်နေ့ဝတ်ပြုခြင်းအခမ်းအနားကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်လိုအေးက အဖွင့်အမှန်စကားပြောကြားပြီး ကျောင်းသူ/ကျောင်းသားများက ခရစ္စမတ်သီချင်းကို သီဆိုကာဆရာတော်ဘိုသာက ဆုတောင်းမေတ္တာပို့သပေးခဲ့သည်။ ဆက်လက်ပြီး ဆရာတော် တင်အုန်းက ခရစ္စမတ်နှင့်ပတ်သက်သည့် တရားဒေသနာများကို ဟောပြောပေးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများက တေးသရုပ်ဖော်နှင့် ခရစ္စမတ်သီချင်းများက သီဆိုဖျော်ဖြေပေးခဲ့သည်။
ထို့နောက် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများက တက်ရောက်လာသည့် ဆရာတော်များ၊ ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ